Tuesday, March 23, 2010

Outer Glow ဘယ်လိုသုံးမလဲ..

0အကြံပြုမှုရေးရန်..

ဒီနေရာလေးမှာပေါ့ဗျာ. ဒေါင်းလိုက်ပါ...

Thursday, October 15, 2009

အသင့်သုံး Men Suits

0အကြံပြုမှုရေးရန်..

အခုတစ်ခါတော့ အလွယ်တကူ အဆင်သင့် အသုံးပြုလို့ရအောင် Men Suits *PSD ဖိုင်လေးတွေတင်ပေးလိုက်ပါတယ်.. ကုတ်အင်္ကျီမရှိသူများကိုရည်ရွယ်ပါတယ်.. :P
အောက်ကပုံလေးတွေကိုကြည့်ပြီး လိုအပ်မယ်ထင်ရင်ဒေါင်းလိုက်တော့ဗျာ..

 
ကဲ ဒီဇိုင်းလေးတွေကိုကြိုက်တယ်ဆိုရင် အောက်ကလင့်လေးမှာဒေါင်းလိုက်တော့ဗျာ..
ဒေါင်းရမှာကတော့ ဒီနေရာလေးနော်..
 ဖိုင်လေးကို သော့လေးခတ်ထားရင် ( dmanphotoshop ) နဲ့ဖြည်လိုက်ပါ..
အဆင်ပြေပါစေ..
ခင်မင်စွာဖြင့် DMan



Wednesday, October 14, 2009

ပုံတစ်ခုကို အရိပ်လေးထည့်ကြည့်ရအောင်

0အကြံပြုမှုရေးရန်..

ပုံတစ်ခုကို အရိပ်ထည့်ကြည့်မယ် ဆိုရင်..
၁။ ပြုလုပ်ချင်သောပုံကိုဖွင့်ပြီး New Document ထဲသို့ထည့်လိုက်ပါ.


၂။ Blending Options တွင် Drop Shadow ကို ရွေးပြီး ၄င်း၏ properties များကို Default အတိုင်းထားလိုက်ပါ.


၃။ Layer ရှိ Drop Shadow ကို R-Click လုပ်ပြီး Create New Layer ကို နှိပ်ပါ.. Box တက်လာရင် OK ပေးလိုက်ပါ.အဲဒါဆိုရင် Layer 1`s Drop Shadow ဆိုတာပေါ်လာပါလိမ့်မယ်..


၎။ ထို အရိပ် Layer ကို Select ပေးပြီး Ctrl + T ကို နှိပ်လိုက်ပါ. အရိပ်တွင် Bounding Box လေးပေါ်လာပါမယ်.
Ctrl + Mouse ကို သုံးပြီး မိမိစိတ်ကြိုက် အရိပ်ကို နေရာပြောင်းနိုင်ပါပြီ.
ကြိုက်ပြီဆိုရင် Fill တွင် 40% လောက်ထားလိုက်ပါ.


၅။ အောက်ပါပုံလေးကိုရရှိပါပြီ.

အဆင်ပြေပြေပြုလုပ်နိုင်ကြပါစေ..
ခင်မင်စွာဖြင့် DMan


Delphi & Windows ရဲ့ wer.dll ပြဿနာ..

0အကြံပြုမှုရေးရန်..
ကျွန်တော်အခုရေးတဲ့ post လေးက... စာလုပ်ချင်တဲ့ သူများအတွက်ရည်ရွယ်ပါတယ်.. :P
ီDelphi Programming ကို အသုံးပြုတဲ့ မိတ်ဆွေများ ကြုံတွေ့နိုင်တဲ့ အခက်အခဲတစ်ခုပါ..Delphi Programming ကြောင့်ဖြစ်တယ်ဆိုပေမယ်.. ပြန်ပြင်ထားတဲ့ ဝင်းဒိုးခွေတွေကို အသုံးပြုရင်လည်းဖြစ်တတ်ပါတယ်. ဘယ်လို error မျိုးလဲဆိုတော့ အောက်ကပုံလေးကိုကြည့်လိုက်ပါ..


အဲလိုဖြစ်ရင် OK ကို Click လိုက်ရင် ဆက်ပြီး အသုံးပြုလို့ရပါတယ်.. ဒါပေမယ့်စိတ်ထဲမှာတော့မတင်မကျကြီးဖြစ်နေတတ်တယ်.ဘာများမှားနေလဲပေါ့.
ဖြေရှင်းရမယ့်နည်းလမ်းက လွယ်လွယ်လေးပါ..
ကျွန်တော်ပေးထားတဲ့ ဖိုင်လေးကို ဒေါင်းပြီးတော့ Zip ကိုဖြည်လိုက်ပါ.အဲဒီဖိုင်လေးထဲက wer.dll ဆိုတဲ့ဖိုင်လေးကို Copy ယူပြီး.
  1. Windows C >> Windows >> System ထဲကို Paste လိုက်ပါ.
  2. Windows C >> Windows >> System ထဲကို Paste လိုက်ပါ.
အဲလိုပြီးရင် Delphi 7 ဆိုတာလေးကိုပြန်ဖွင့်ကြည့်လိုက်ပါ.. Error message တတ်သေးလားဆိုတာ. ထပ်ပြီးတက်လာသေးတယ်ဆိုရင် Restart ချကြည့်လိုက်ပါ.. အဆင်ပြေကြပါစေ..
ဒီအခက်အခဲလေးကို ကူညီပေးတဲို့ကိုမီကို အားအထူးကျေးဇူးတင်ရှိပါကြောင်း..
အသုံးပြုရမယ့်ဖိုင်လေးက ဒီမှာနော်




Photoshop အခြေခံစာအုပ် (အင်္ဂလိပ်ဘာသာဖြင့်)

0အကြံပြုမှုရေးရန်..
 ဒီတစ်ခါတော့ မြန်မာဘာသာဖြင့်လေ့လာရတာရိုးနေပါတယ်ဆိုတဲ့ မိတ်ဆွေများအတွက် အင်္ဂလိပ်ဘာသာဖြင့် Photoshop အခြေခံစာအုပ်လေးထပ်တင်ပေးလိုက်ပါတယ် ... :P အဆင်ပြေပြေလေ့လာနိုင်ကြပါစေ..
အင်္ဂလိပ်ဘာသာဖြင် လေ့လာချင်သူများအတွက်ပါ..

အသုံးဝင်နိုင်မယ့်သူများရှိမယ်ထင်လို့တင်ပေးလိုက်တာပါ.. ကျွန်တော်တော့ မဖတ်ဖြစ်ပါဘူး.. :)
ခင်မင်စွာဖြင့် DMan
 

DMan Photoshop ဖန်တီးသူDMan