Saturday, September 26, 2009

နောက်ခံအရောင်အလိုက်စာရေးနည်း


ဒီတစ်ခါတော့ အပြောင်းအလဲလေးဖြစ်သွားအောင် နောက်ခံ အရောင်အလိုက်စာရေးနည်းလေးကို ဆွေးနွေးလိုက်ပါတယ်..
၁။ လိုချင်သောပုံကိုဖွင့်ပါ.ထိုပုံကို ကော်ပီယူရန်အတွက် Menu bar >> Layer >> Duplicate layer ကို click ပါ. layer box ကျလာရင် ok ကို click ပါ.

၂။ Tool box မှ Text tool ကိုယူပြီး ပုံပေါ်တွင် Cursor ချပါ.

၃။ မိမိရေးချင်သောစာကိုရေးပါ.

၎။ ထို့နောက်
၁... စာ Layer ဘေးရှိ မျက်လုံးပုံလေးကို Click ပေးပြီးဖျောက်လိုက်ပါ.
၂...ဖျောက်ပြီးပါက ထိုစာ Layer ပေါ်တွင် Ctrl + click ပေးလိုက်ပါ.

အောက်ပါပုံအတိုင်းရရှိပါမယ်.


၅။ Background copy ကို select ပေးပြီး. Ctrl + J နှိပ်လိုက်ပါ.

၆။ Layer အောက်ခြေရှိ fxပုံကို နှိပ်ပြီး (blending option) ကို click ပါ.

၇။ Layer style box ကျလာရင် (Drop shadow.. Inner shadow .. Inner glow )ကို click ပြီး Ok ကို နှိပ်ပါ.

၈။ အောက်ပါပုံစံလေးကိုရရှိပါပြီ..
အောင်၂ မြင်၂ လုပ်နိုင်ပါစေ. အဆင်မပြေပါက အကြံပြုချက်ရေးရန်နေရာတွင်ရေးပေးခဲ့ကြပါခင်ဗျာ.. ကျေးဇူးတင်ပါသည်..

0 အကြံပြုမှုရေးရန်..:

Post a Comment

 

DMan Photoshop ဖန်တီးသူDMan